Socratic Method of Teaching



Socratic Method Of Teaching

သင်ဟာ မေးခွန်းကောင်းကောင်းမေးတတ်တဲ့ ဆရာတစ်ယောက်လား..

ဒီနေ့အတွက် ထူးထူးခြားခြား Topic လေးတစ်ခုကို မျှဝေပေးချင်ပါတယ်..

အဲ့တာကတော့ Socratic Method Of Teaching ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်.. ပြောရမယ်ဆိုရင်တော့ ကျောင်းသားနဲ့ ဆရာ အပြန်အလှန် မေးခွန်း အမေးအဖြေလုပ်ရင်းနဲ့ အငြင်းအခုန်လုပ်ကြတဲ့ သဘောပါပဲ.. 

ဒါဆိုရင် ဒီ method ကဘာလို့ အရေးကြီးရတာလဲ ဘာလို့ လိုက်နာ သင့်တာလဲ

ကျွန်တော်တို့ ကျောင်းတွေမှာ များသောအားဖြင့် ဆရာတွေက စာမေးပြီးဆိုရင် အဖြေမှန်တစ်ခုပဲ လိုချင်ကြပါတယ်

ဒါပေမဲ့ Socrates နဲ့ သူ့ရဲ့ တပည့်ကျော် Athenians တို့ကတော့ ဒီပုံသေနည်းကနေ ထိုးဖောက်ခဲ့ကြပါတယ်.. 

သူတို့ဟာ အဖြေပေါင်းများစွာ ဖြစ်နိုင်ခြေရှိတဲ့ မေးခွန်းတွေကိုပဲ မေးပြီးတော့ သူတို့ရဲ့ သင်ကြားရေးပုံစံကို ပြောင်းလဲခဲ့ကြပါတယ်
အဖြေတစ်ခုကိုပဲFocus မထားဘဲ ဖြစ်နိုင်ချေရှိတဲ့ Possibilities တွေ အများကြီးကို လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်တဲ့ အတွက်ကြောင့် ကျောင်းသားတွေရဲ့ Critical thinking ကိုလည်း အများကြီးတိုးတက်စေပါတယ် 

ဒါတင်မကဘဲ ဆရာတွေက ကျောင်းသားတွေရဲ့ ဖြေဆိုမှုပုံစံပေါ်မူတည်ပြီး မေးခွန်းတွေ ထပ်မံမေးမြန်းရင်းနဲ့ ကိုယ့်ရဲ့ သင်ခန်းစားရဲ့ အဓိက အပိုင်းတွေကို နားလည်လာအောင် သင်ကြားနိုင်ပါတယ်..

ဒီလို သင်ကြားမှုတွေကြောင့် ကျောင်းသားတွေလည်း စာကို ပိုပြီး စိတ်ဝင်စားမှုမြင့်တက်လာနိုင်ပြီး မှတ်နိုင်စွမ်းလည်း မြင့်မားလာနိုင်ပါတယ်..

ဆရာတစ်ယောက်ထဲကပဲ အရှေ့ကနေ သင်ကြားပေးတဲ့ ပုံစံ ကနေ ကျောင်းသားဆရာ တတ်တတ်ကြွကြွ အပြန်အလှန် သင်ကြားမှုပုံစံက စာသင်ခန်းကိုလည်း ပိုပြီး သက်ဝင်လှုပ်ရှားလာစေပါတယ်..

ဒီသင်ကြားမှုပုံစံမှာ မေးခွန်းတွေက အခြေအနေလေးရပ်နဲ့ ကိုက်ညီရပါတယ်..

၁. ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို မြင့်တက်စေမဲ့ မေးခွန်းမျိုး ဖြစ်ရမည်

၂. ကျောင်းသားတွေရဲ့ Critical thinking ကို အထောက်အကူ ပြုနိုင်ရမည်

၃.  သင်ခန်းစာအပေါ် ဘယ်လောက်ထိ နားလည်မှုရှိလဲဆိုတာကို လည်း လေ့လာဆန်းစစ်နိုင်ရမည်

၄. သင်ခန်းစာအပေါ် ကျောင်းသားတွေရဲ့ သင်ကြားလိုစိတ်ကို တိုးမြှင့် ပေးနိုင်ရမည်..

ဒီလို အချက်တွေနဲ့ ပြည့်နေတဲ့ မေးခွန်းတွေက သင်ခန်းစာအပေါ် အဖက်ဖက်ကနေပြီး သိမြင်နားလည်စေမှုကိုလည်း များစွာ အထောက်အကူပြုပါတယ်..

“Socratic Method of Teaching” ကနေပြီး ဆင်းသက်လာတဲ့ မေးခွန်းအမျိုးအစား လေးခုရှိပါတယ် ဘာတွေလဲဆိုတာကို အောက်က ပုံလေးတွေမှာ ဆက်လက်ပြီးလေ့လာကြည့်လိုက်ရအောင်နော်..